Tuesday, February 23, 2016

မြန်မာပြည်အနှံ့ဘုရားဖူးများ ထားဝယ်မြို့ရောက်တိုင်း ဘုရားကြီးအတွင်းသီးသန့် ရှာဖွေ ဖူးမျှော်ကြသော ဖိနပ်တော်စီး ( ခြေနင်းစကြာ )  ဆုတောင်းပြည့်အောင်သိဒ္ဓိရုပ်ပွားတော်မြတ်

ထားဝယ်မြို့၊ရွှေတောင်စားစေတီတော်ဘုရားကြီးဝင်းအတွင်း ( ဘုရားကြီး ပြတိုက်အနီး ) ပရမတ္ထသိမ်တော်ကြီး တွင် ဖူးမြင်ရခဲသောရှေးဟောင်း ဖိနပ်တော်စီး
ဆုတောင်းပြည့်အောင်သိဒ္ဓိခြေနင်းစကြာ
ရုပ်ပွားတော်မြတ်၏ ထပ်ဆင့်ရွှေသင်္ကန်းအလှူရှင်အဖြစ်
ဦးနေအောင် ဒေါ်ခင်ဟုံ မိသားစု ဒေါင်းငူရပ် မှ ကပ်လှူပူဇော်ခဲ့ကြပါသည်။

ခြေနင်းစကြာဘုရားသို့နယ်ဝေးဘုရားဖူး
အများစု လာရောက်ရှာဖွေဖူးမျှော်လေ့ရှိကြပြီး ဘုရားလာရောက်သူတို့မှလည်း မိမိနှင့်မိတ်ဆွေများစွာ ထားဝယ်သို့ ဘုရားဖူးအဖွဲ့များနှင့် အမြဲလာရောက်ဖူးမျှော်ကြောင်း
ကြည်ညို လှူဒါန်းရ ခြင်းထူးကဲမှုအဖြစ်  စည်းစိမ် ၊ ရာထူး ၊ နေရာအမြဲတည်ခြင်း ၊ တိုးပွားခြင်း ၊ စိတ်တည်ငြိမ်မှုရရှိခြင်း ၊ လမ်းခရီးအန္တရယ်ကင်းရှင်း ၍ လိုရာဆန္ဒပြည့်စုံခြင်း စတဲ့သူ့မိတ်ဆွေများစွာရဲ့ထူးကဲဖြစ်စဉ်များကိုသူရှင်းမပြတတ်အောင်ယုံကြည်ကြောင်း  သူယုံ လို့ စိတ်ကြည် ရပါကြောင်းဖြင့်သာ . . .
ထိုင်းနှင့်မြန်မာနိုင်ငံအောက်ပိုင်းဘုရားဖူးလာရောက်ခဲ့သောအမျိုးသမီးကြီး၏ စကား ကိုထပ်ဆင့် ၍ . . . သိရှိရလေအောင်
မဖူးမြင်ရသေးသူများအားလုံးကို မဖြစ်မနေတစ်ခါတစ်ခေါက် လာဖူးမျှော်ကြည်ညိုနိုင်ကြစေဖို့ တိုက်တွန်း နိုးဆော်အပ်ပါသည်။

ko kyaw

No comments:

Post a Comment