Friday, February 26, 2016

၁၉၄၉ ခုနှစ် တုန်းက ထားဝယ်မြို့လောမာရဇိန်ဘုရားကြီးသို့ကြွရာက်ခဲ့သော သီဟိုဠ်ပြည် မှ ဗုဒ္ဓမြတ်စွယ်တော်

ညတုန်းကပေါ့ အရှင်အကုသိုလ်က မိန့်ကြားတဲ့ သုတလေး တစ်ခု ကြားနာရတာ ကြည်နူးစရာဖြစ်ရ နားဝင်ပီယံ ရှိလေစွ
မှတ်သား သိထားလောက်စရာမို့လည်း သုတပွား စေခြင်းငှာ တဆင့်ပြန်ကြား ရေးသား ဝေငှလိုက်ပါ သည် ။

တိုင်းဓါးဝယ် အကြေသားတို့ မှတ်သားစုစည်း ကြစေသော်ဝ်……

 ၁၉၄၉ ခုနှစ်က အကြောင်းလေးတစ်ခု မိန့်ကြား တာပါ လွတ်လပ်ရေးရပြီးစ မြန်မာပြည်မှာ တိုင်းရေး ပြည်ရာ ရှုပ်ထွေးနေချိန် ဝန်ကြီးချုပ် ဦးနုပေါ့ ကမကထ လုပ် အကျိုးဆောင်လို့ သီဟိုဠ်ပြည်က စွယ်တော်နဲ့ ရဟန္တာဓါတ်တော် တွေ ကောင်းကင် ခရီး လေယာဉ်စီးပြီး ကြွမြန်းလာသည့် နေ့ထူး နေ့မြတ် ပေါ့ဗျာ

ထားဝယ်လောက်တင် ကြွတာ မဟုတ်ပါဘူး မြန်မာ တပြည် လုံး မြို့ကြီးတွေ အတော်များများကို ကြွ သွား ခဲ့တာပါ အစိုးရ ကောင်းမှုပေါ့လေ သူတို့ စီစဉ် ပေးတာကိုး

သီဟိုဠ်ကနေ ကြွလာတာ ပထမဆုံး ထားဝယ်ကို ကြွပါတယ် ထားဝယ်လေဆိပ်မှာနားတော့ လေယာဉ်ကွင်းမှာ ခရိုင်ဝန် ဖြစ်တဲ့
မစ္စတာ အိပ်ခ်ျ (အိပ်ခ်ျ ကယ်လီ) က ခေါင်းပေါင်းနဲ့ မြန်မာရိုးရာ ဝတ်စုံ ဝတ်ဆင်ပြီး ပထမဆုံး လေယာဉ်ပေါ်ကနေ ပင့်ဆောင်ပါတယ် သူကမှ တဆင့် ရဲဝန်ကြီး ဦးစိုးမြ စသဖြင့် တစ်ဦးစီ လက်ဆင့်ကမ်းပြီး ပင့်ဆောင်ကြ တယ်
(အိပ်ခ်ျ က မြန်မာမဟုတ်သလို ဗုဒ္ဓဘာသာ လည်း မဟုတ်ပါ ခရစ်ယာန်ဘာသာဝင်ပါ)

လေဆိပ်ကနေ ကားနဲ့ကြွ လာပြီး လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းမှာ စံတော်မူပါတယ် အဲဒီမှာ ရာဇဝတ်ရဲဝန်ကလေး ဦးစူး ( ဦးသန်းဆွေ၏ အဖေ) သီဟိုဠ်မှာ ပညာသင် ကြားလာခဲ့သူ ဖြစ်လေတော့
သီဟိုဠ်ဘာသာစကားကိုကောင်းစွာတတ်ပါတယ်သူကပဲ အစစ အရရာ တာဝန်ယူ
ဆာင်ရွက်ပေးခဲ့ပါတယ် ။

စွယ်တော်မြတ်နဲ့အတူ နိုင်ငံတော် အစိုးရကိုယ်စား အရာရှိ ကြီးများ သီဟိုဠ်မှ စွယ်တော်ထိန်း အမတ်များ ဘုန်းတော် ကြီးများ သီဟိုဠ် ကချေသည်များ လိုက်ပါ လာပါတယ် လေဆိပ်မှာ သွားကြိုကြသူများထဲမှာ ထားဝယ် ကူးသန်း ရောင်းဝယ်ရေး ဦးထွန်းမြတ် ၊ ပညာဝန် ဦးစိန်ခို ၊သင်္ကန်း ပရိက္ခရာဆိုင်ရှင် ဦးသော် ၊ ဗဟိုရ်စည် ဦးဘိုးအေး စသူတို့မှာ ထင်ရှားတဲ့သူ တွေပေါ့

စွယ်တော်ကို မကန်းလေးကောင်ကသော ကား ဖောင် ပေါ် မှာ အထက်ဆင့် ခြင်္သေ့လေးကောင်နဲ့ ကြာကလာပ်ခံထား သော ဘုံသုံးဆင့် ပြာသာဒ်မှာတည်ကာ ထီးဖြူလေးလက်မိုး လို့ မြို့တွင်းကို လှည့် လည် အပူဇော်ခံပါတယ် ဓါတ်တော် တွေကိုလည်း တင့်တယ်စွာ ဆင်ယင်ပြီး စွယ်တော်နည်းတူ အပူဇော်ခံပါတယ် ။

သီဟိုဠ်ကလိုက်ပါလာတဲ့ ကချေသည်များ ထားဝယ် ကချေသည်များဖြင့် အတီးအမှုတ် အကများနဲ့ လှည့်လည် ခဲ့ကြပါတယ်။ ကချေသည်များ အားလုံး (သီဟိုဠ်-ထားဝယ်) ကို ဘုရားကြီးဝင်းနဲ့ ကပ်လျက်ရှိတဲ့ မရမ်းပင်ကျောင်းမှာ နေရာ ချထားပေးပါတယ်။

သီဟိုဠ်ဘုန်းတော်ကြီးတွေနဲ့ ထားဝယ်ဆရာတော်တွေ ကတော့ ပါဠိဘာသာနဲ့ ပြောဆို ဆွေးနွေးကြပြီး ဘုရားကြီး ဝင်းအတွင်း ပွဲလမ်းသဘင်များနဲ့ ဧည့်ခံ ထားပါတယ် အစည်ကားဆုံးလို့ ဆိုရလောက်တဲ့ ပွဲဖြစ်ခဲ့ပါတယ် ။

ဦးနု ဖြန့်ဝေကုသိုလ်ပြုတဲ့ သီဟိုဠ်က ဗောဓိညောင် မျိုး တစ်ပင်ပါလာရာ ဘုရားကြီးဝင်းအတွင်း အရှေ့ ဘက်မှာ အခမ်းအနားနဲ့ စိုက်ပျိုးခဲ့ပါတယ် အခု မဟာဓမ္မာရုံကြီး ခေါင်းရင်းဘက်ရှိ တောင်ဘက်က အပင်ကို ပြောတာပါ
မြောက်ဘက်က အပင်ကတော့ ဗုဒ္ဓဂယာက ဗောဓိညောင်စေ့ကို ယူပြီး စိုက်ထားတဲ့အပင်ပါ
တောင် ဘက်အပင်က သက်တမ်း ပိုရင့်ပါတယ်။

အဲဒီအချိန်က ဘုရားကြီးမှာ ဂေါပကအဖွဲ့ရယ်လို့
ပီပီပြင်ပြင် မရှိသေးပေ ကလျာဏမန္တသုသမ အသင်း ခေါင်းဆောင် ဦးစောဖေ ဦးဆောင်ပြီး မြို့မိမြို့ဖ လူကြီး များက ပွဲလမ်းသဘင်များ အခမ်းအနားများကို ဆောင်ရွက် ပေးခဲ့ကြပြီး ထားဝယ်မှာ သုံးရက် ပူဇော်ခံပြီးနောက်
 မြတ်စွယ်တော်များ ကောင်းကင်ခရီးဖြင့်
ပြန်ကြွသွားပါတယ်။

မသိသေးတဲ့သူများ သိထားရန် အကျဉ်းမျှသာ

Facebook . . Aker Phyoe မှ ရှာဖွေစုဆောင်းပါသည်။

No comments:

Post a Comment